Loading...
Tuesday 1 December 2015

Mail.ru ဖြင့်​ facebook account ဖွင့်​နည်း


မင်္ဂလာပါ သည်နေ့ရေးဖြစ်တာလေးကတော့  မိမိတို့ ကိုယ်ပိုင် အကောင့်တခုကို ဖွင့်ပြီး အသုံးပြု တတ်ဖို့အခြေခံ အသေးစိတ် လေးကို ရေးသားထားပါတယ်.. အကောင့်များစွာထဲ့ သည်ကောင်လေးကတော့ Mail.ru ဆိုတဲ့နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.. အသေးစိတ်ပုံလေးတွေနဲ့ ရှင်းပြထားတာမို့ Beginner User တွေပါနားလည် သဘောပေါက်လွယ်မယ်လို့ ထင်ပါတယ်.. အားလုံးအောက်မှာ လေ့လာလိုက်ပါနော်......
လိုအပ်​​သောapplicationမှာ   UC Browser     Mail.ru apk  တို့ကို မိမိတို့ ဖုန်းမှာ ထည့်လိုက်ပါ...

 ပထမဆုံး.....အနေနဲ့တော့ မိမိတို့ ဖုန်းမှာ လိုအပ်သော APK တွေ ထည့်ပြီးပါက စတင်လို့ရပါပြီ။
ပထမဆုံး အနေနဲ့ကတော့ Mail.ru  Apk ဆိုတာလေးကို ကလ်စပြီးဖွင့်လိုက်ပါနော်...

 ဒုတိယအဆင့်..... ကတော့ အကောင့်တခု ရရှိဖို့အတွက် Sing Up ဆိုတာကိုကလစ်ပေးလိုက်ပါနော်...
ဒါဆို မိမိတို့ အကောင့်တစ်ခု စတင်ရတော့မှာဖြစ်ပါတယ်....။
 
 တတိယအဆင့်......မှာတော့ အကောင့်တခုအတွက် လိုအပ်သော... အမည်..တွေ.. ကျား/မရွေမယ်... မွေးနေ့ထည့်မယ်...လိုခြင်တဲ့ အကောင့်အမည် ရွေးချယ်မယ်  စတာတွေကို ဖြည့်စွပ်ပေးရမှာဖြစ်ပါတယ်.. အားလုံး ဖြည့်စွပ်ပြီးတာနဲ့  ပုံမှာပြထားသလို
I have read and  accept  ဆိုတာအမှန်ခြစ်ပေးပြီး  Next နဲ့ဆက်သွားလိုက်ပါနော်..။
 

စတုတ္ထအဆင့်..... သည်မှာတော့  ဖုန်းနံပါတ် တောင်းမှာဖြစ်ပါတယ်.. အဲနေရာမှာ Idon't have cell phone ဆိုတဲ့နေရာဘဲ ကလစ်ပေးလိုက်ပါ... ဒါဆို နောက်အဆင့်တွေကို ကြည့်လိုက်ပါ။
 

 ပဉ္စမအဆင့်..... မှာတော့ QUESTION ဆိုတဲကနေရာမှာ y လို့တခုရေးထည့်ပေးလိုက်ပါနော်.. ဒါဆိုအောက် ANSWER ဆိုတာမှာလည်း မိမိကြိုက်တာ English လိုတခုခုရေးထည့်လိုက်ပါ...
  စာလိမ် တခုဖြေပေးရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံး အသေး အကြီးတိုင်း အမှန်ပြန်ထည့်ပေးလိုက်ပါနော်... ဒါဆို သည်အဆင့်မှာ Done ဆိုတာကလစ်လိုက်ပါ..။

 ဆဌမအဆင့်....  သည်မှာတော့ ပုံထဲကတိုင်း ပြထားမယ်ဆိုရင်တော့ မိမိတို့ ရဲ့လ်ုပဆောင်ချက် အောင်မြင်ပါပြီ.. မေးအကောင့်တခုကို ရရှိပြီဖြစ်ပါတယ်...။
ထွက်လိုက်လို့ရပါပြီ..နော် ဆက်လက် ကြည့်လိုက်ပါ...
 

 Facebook Account ရဖို့အတွက်  စတင်လို့ရပါပြီ.. သည်အဆင့်မှာ  မိမိတို့ အကောင့်တခုဖွင့်ဖို့အတွက်  Uc Browser ကိုထည့်ပြီးဖြစ်တာမို့  ကလစ်ဖွင့်ပေးလိုက်ပါနော်... အောက်မှာ မြင်နေရတဲ့ ဘော်ကဆာေ လးဘဲ ဖြစ်ပါတယ်...
 

ဘော်ကဆာ ဖွင့်လိုက်တာနဲ့ ဘော်ကဆာမှာပါတဲ့  facebook ဆိုတာလေးကိုကလစ်ပေးလိုက်ပါ..
ဒါဆို မိမိတို့ facebook account တခုအတွက် စတင်နိုင်မှာဖြစ်ပါတယ်..။
 

 ကဲစပြီ.. facebook  sing up ကနေ၀င်လိုက်တာနဲ့ အကောင့်ဖွင့်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်စွပ်ပေးရမှာဖြစ်ပါတယ်..နော်.. သည်မှာ ပြထားသလို လိုက်ဖြည့်ပေးလိုက်ပါ.. တော်တော် များများကတော့ သိနေပြီးဖြစ်တာမို့ ပုံလေးကိုဘဲ ကြည့်လိုက်ပါနော်.. အဆင်ပြေပါလိမ့်မယ်... အားလုံးဖြည့်ပြီးတာနဲ့ အောက်ဆုံးက sing up ဆိုတာကို ကလစ်ပေးလိုက်ပါ.။
 

 သည်နေရာမှာ နာမည်ထည့်တဲ့ခါ မိမိလိုခြင်သလိုတော့ ရခြင်မှ ရမှာဖြစ်ပါတယ် အဆင်ပြေသလို ချိန်းချိန်းထည့်ကြည့်ပါ  ရတာနဲ့... အကောင့်တခု ၀င်သွားပါမယ်... ပုံထည့်ခိုင်းမယ် နောက်မှ ထည့်လိုက်ပေါ့  Next နဲ့ဆက်သွားလိုက်ပါ...။
 

 မိမိ facebook ရတာနဲ့ ချက်ချင်း ဆိုသလို မပြည့်စုံသေးပါဘူး မိမိတို့ ဖွင့်ပေးထားတဲ့ စောစောက မေးအကောင့်နဲ့ facebook ကို  comfirm လုပ်ပေးမှာသာ အတည်ပြု သတ်မှတ်ပေးတာမို့  မဖြစ်မနေ Comfirm ကိုလုပ်ပေးကြရမှာ ဖြစ်ပါတယ်.. ဒါကြောင့် ပုံထဲကလို 
Comfirm Email Adress ဆိုတာလေးကို တချက်ကလစ်ပေးလိုက်ပါနော်...
 

 မိမိတို့ မေးနဲ့ Comfirm ဖြစ်ဖို့ အတွက် ကုဒ်ထည့်ခိုင်းမှာဖြစ်ပါတယ်.. ဒါဆို ကျွန်တော်တို့ သည်ပေ့ ကို Home Key နဲ့ထွက်ပေးလိုက်ပါ... Back နဲ့ထွက်လို့မရပါဘူးနော်.. သတိထားစေခြင်လို့ပါ...။
 

 ပြီးတာနဲ့ အစောကဖွင့်ထားတဲ့ မေးကို သွားလိုက်ပါ... Inbox မှာ Facebook ကနေ စာတစောင်ဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်.. အဲစာကိုဖွင့်လိုက်ပါ..
 

 ဖွင့်လိုက်တဲ့ စာထဲမှာဘဲ  အပြာရောင်စာသားနဲ့  Comfirm Your Account ဆိုတာတွေ့မယ် ကလစ်လိုက်ပါ... နောက် အောက်နားမယ် ကုဒ်လေးတွေလည်း တွေ့မယ်ခဗျ... အဲတာကတော့ ကုဒ်နံပါတ်ကို မှတ် ခုဏက facebook စာမျက်နှာထပ်ဝင် ထည့်ပေးလိုက်လည်းရတဲ့နည်းပါ... Comfirm လုပ်တဲ့နေရာမှာ ခုပြောတဲ့ စာတန်းကလစ် လ်ုပတာနဲ့  ကုဒ်နံပါတ် ယူထည့်တာ တူတူပါဘဲ ဘာနဲ့လုပ်လုပ် မိမိအကောင့်  comfirm ဖြစ်သွားပြီဆိုတာ ပြောပါရစေ...။
 

 ဒါကတော့ Comfirm Your Account ဆိုတာလေးကလစ်ပြီးလုပ်နည်းပါ.. ကလစ်လိုက်တာနဲ့ တက်လာတာထဲက ကိုယ်အသုံးပြု ထားတဲ့ ဘောက်ဆာကို ကလစ်ပေးပြီးဝင်လိုက်ပါ...။
 
အိုကေ ဒါဆို စာတန်းလာပြမယ်  You have successfully comfirm ဆိုရင် အဆင်ပြေပါပြီ လ်ုပဆောင်ချက် အတည်ပြု ချက် ရရှိပြီဖြစ်ပါတယ်..နော်...။
 

 သည်လိုနဲ့ အကောင့်တခုကို အလွယ်ကူဆုံး လုပ်ဆောင်ပြီး အသုံးပြု နိုင်မှာဖြစ်ပါတယ်... ကိုယ်တိုင် လုပ်တတ်ထားတော့ ဘယ်သူ့ဆီမှ ခခယယ မတောင်းရတာပေါနော့်... သည်နည်းလေးကို လေ့လာခြင်းဖြင့် ကိုယ်အသုံးပြုလိုတဲ့ အကောင့်တခုကို အောင်မြင်စွာ ဖန်တီး အသုံးပြု နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.... ထပ်မံသတိပေးခြင်တာလေး တခုရှိပါတယ်...
ဒါကတော့ အကောင့်တွေမှာ သုံးနေကြပေမယ့် gmail...facebook ဆိုတာ မှာ လူတော်တော် များများကတော့... facebook အကောင့်သုံးနေရပြီးတာဘဲ ဆိုသလို  သူရဲ့ မူရင်းပင်မဖြစ်တဲ့ မေး အကောင့်ကို သတိမထားမိကြတာ တော်တော် တွေ့ဖူးလို့ပါ... အကောင့်တ ခုခုဖြစ်ခဲ့ပြီဆို..
ဥပမာ... hack ခံရတာ.. pass မေ့တာ... id lock ကျတာ အကြောင်းတခုခု ဖြစ်လာရင် မဖြစ်မနေ မူရင်းဖြစ်တဲ့  mail account ကိုမဖြစ်မနေ သိထားဖို့လိုပါတယ်.. တချို့က မေးဆိုတာကို လုံးလုံးမေ့ထားတတ်ကြပါတယ်.. မေးထဲဝင်လို့ရလားဆိုတော့  အဲတာဘာလဲ ဆိုတဲ့ သိပ် မသိသေးသူများလည်း တော်တော် များပါတယ်.. ဒါကြောင့် ဖြစ်နိုင်မယ်ဆို မိမိတို့ အကောင့်တခု လုပ်လိုက်တာနဲ့  အဲ လုပ်ထားတဲ့ အကောင့်ရဲ့  Info အပြည့်အစုံကို စာအုပ်မှာ ချမှတ်ထားသင့်တယ်ဆိုတာ အကြံပြုပါရစေ.. ဖွင့်ထားတဲ့ မေး...ပါတ်ဝပ်...မွေးနေ့...ဖွင့်တဲ့နေ့..ခုနှစ်..လ...စတာတွေပါ မှတ်သားထားမယ်ဆို တခုခုဖြစ်လာရင် Info အတိအကျနဲ့ လိုက်ရတာ လွယ်ကူမှာဖြစ်ပါတယ်.... သည်လောက်ဆို သဘောပေါက်နားလည်မယ်လို့ ယုံကြည်ပါတယ်... လေးစားစွာဖြင့်........
ပေပေလေး( နည်းပညာမျှဝေခြင်း )
 

0 comments:

Post a Comment

 
TOP