ဆံပင်ဖြောင့်တယ်ဆိုတာ လူတိုင်းအလိုလိုနှစ်သက်တဲ့အလှအပတမျိုးဖြစ်ပါတယ်။အကြောင်းပြချက်အမျိုးစုံနှင့်လည်းဆံပင်ကို အဖြောင့်ဆွဲကြပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ အဓိကကတော့မိမိဆံသားနှင့်ဦးရေပြားကိုမထိခိုက်စေပဲ လှပဖို့နဲ့ပုံစံကျသွားဖို့လိုပါတယ်။ဆံပင်ဖြောင့်တယ်ဆိုရင် လူတိုင်းအလိုလိုဟာ ဆံပင်တချောင်းချင်း ဖြောင့်စင်းနေတာကိုနှစ်သက်ကြပါတယ်။နည်းနည်းလေး သိမ်နေတာ ကွေးနေတာဆိုရင်မကြိုက်တတ်ကြပါဘူး။ဒါဟာဆံပင်ဖြောင့်တဲ့သူတိုင်းဖြစ်ချင်ကြတဲ့ ဆန္ဒတစ်ခုပါ။
ဆံပင်ဖြောင့်တော့မယ်ဆိုရင် ဆံပင်မှာအလွှာသုံးလွှာရှိပါတယ်။သေးငယ်လှတဲ့ကျွန်မတို့ရဲ့ဆံပင်လေးတချောင်းစီမှာအလွှာသုံးလွှာ ရှိတယ်လို့ ဆံပင်နှင့် ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက အဆိုပြုထားပါတယ်။
ဆံပင်ဖြောင့်တော့မယ်ဆိုရင် ဆံပင်သားကိုအရင်ဆုံး ဖြောင့်ဆေးနဲ့ထိတွေ့ရပါတယ်။ပြီးမှဆံပင်ပုံစံကျလှပဖို့အတွက် ဖြောင့်စက်ကိုအပူဆုံးအဆင့်ထားပြီး ဖြောင့်ဆွဲရပါတယ်။ဒီအချိန်မှာ အလွှာသုံးလွှာထဲကအနောက်ဆုံးလွှာထိ အပူနှင့်ဆေးတွေ ဝင်သွားမယ်ဆိုရင်တော့ ဆံပင်သားဟာ ပင်ကိုမူလသင့်ဆံသားလို မဟုတ်တော့ပဲ ဖြောင့်စင်းလှပသွား ရင် ဆံပင်ဖြောင့်တဲ့သူဟာ အရမ်းကိုကျေနပ်မှာဖြစ်ပါတယ်။
ဆံပင်ဖြောင့်ထားတဲ့အပိုင်းက ဦးရေပြားဟာ ဆံပင်သားပေါက်လာလေလေအဖျားပိုင်းကဆံပင်သားရဲ့အလေးအချိန် အိကျလာလေလေဖြစ်တာကြောင့် ကြာလာတဲ့အခါမှာ ဆံပင်အထိပ်အပိုင်းက ပြောင်လာပါတော့တယ်။ဦးရေပြားက ထွက်လာတဲ့ဆံပင်သားဟာလည်း တဖြည်းဖြည်း ပုံစံပြောင်းလာပါတော့တယ်။ပင်ကိုယ်ဆံပင်သားကို ပြန်မရနိုင်တော့ပဲ တဖြည်းဖြည်းဆံပင်ပါးလာပြီး ဦးရေပြားကိုမြင်ရတဲ့အထိဖြစ်လာပါတော့တယ်။ဒါကိုဦးရေပြားမာသွားတယ်လို့ ခေါ်ပါတယ်။ဒီလိုအခြေအနေမှာ ဆံပင်ပေါက်တာလည်း နှေးလာပါတော့တယ်။
ဆံပင်ကောက်တဲ့သူပဲဖြစ်ဖြစ် ဖြောင့်တဲ့သူပဲဖြစ်ဖြစ် အလှအပကိုစိတ်ဝင်စားတဲ့သူတိုင်းဟာ ပုံစံတမျိုးတည်းကို စိတ်မဝင်စားပဲ အမျိုးမျိုး စိတ်ရဲ့ပုံစံ လှပမှုကို ဖန်းတီးချင်ကြပါတယ်။ဒီနေ့ဆံပင်ဖြောင့်ပီးပေမဲ့ နောက်နေ့ဆံပင်ကောက်ချင်ကောက်တတ်ကြပါတယ်။ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကိုအရမ်းကပ်တာမျိုး မဖြောင့်ပဲ အလွှာသုံးလွှာရဲ့အပေါ်ဆုံးလွှာကိုပဲ ဆေးဝင်အောင်စက်ဆွဲပေးသင့်ပါတယ်။ဒါမှ နောက်ထပ်ဘယ်လိုဆံပင်ပုံစံတွေ ပြောင်းပါစေ သင့်ဆံပင်နှင့် ဦးရေပြားကိုမထိခိုက်စေပဲ လှပတဲ့ဆံပင်ပုံစံတွေကို ဖန်တီးယူနိုင်မှာဖြစ်ကြောင်း ကို အသိပညာလေးတခုအဖြစ် မျှဝေပေးလိုက်ပါတယ်။
Sunday, 19 July 2015
Loading...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment